လန်ဒန် မြန်မာသံရုံး အတွက် သံအမတ်ကြီး အသစ် အဖြစ် ဒေါက်တာ ချစ်ဝင်းကို ခန့်အပ်

Zawgyi

လန္ဒန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးကို စစ္ေကာင္စီ၏ အဖြဲ႕ဝင္မ်ားက လန္ဒန္စံေတာ္ခ်ိန္ ညေန၆ နာရီခန႔္တြင္ ဝင္ေရာက္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

လန္ဒန္ေရာက္ ျမန္မာတဦးက “သံအမတ္ အျပင္သြားေနတုန္းမွာ စစ္သံ႐ုံးကလူ ေတြကတံခါးေခါက္တယ္။

အခုက အထဲကအေျခအေနကို မသိရေသးဘူး။ လန္ဒန္ေရာက္ ျမန္မာေတြအကုန္ ဒီမွာလာစုဖို႔ အေၾကာင္းၾကားထားပါတယ္” ဟု ေျပာသည္။

လက္ရွိအခ်ိန္တြင္ လန္ဒန္ၿမိဳ႕ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းဦးေဆာင္ကာ လန္ဒန္ေရာက္ ျမန္မာမ်ားႏွင့္ ပူးေပါင္း၍ သံ႐ုံးအတြင္းသို႔ ဝင္ေရာက္ရန္ ႀကိဳးစားေနလ်က္ရွိသည္။

ဖြင့္ေပးလိုက္ေတာ့ သူတို႔ဝင္ၿပီး သူတို႔ထိုင္မယ္ဆိုၿပီး တံခါးကိုပိတ္ထားပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို မတ္လ ၉ ရက္ေန႔က ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာနကို ျပန္ေခၚထားၿပီ ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးကေန ၿဗိတိန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကို ဒီကေန႔ ဧၿပီလ ၇ ရက္ေန႔ မွာ စာတေစာင္ေပးပို႔ထားပါတယ္။

အဲဒီစာကို သံအမတ္သစ္ ေဒါက္တာခ်စ္ဝင္းက လက္မွတ္ထိုး ထုတ္ျပန္ ခဲ့တာျဖစ္ပါတယ္။ ဒီကေန႔ ဧၿပီလ ၇ ရက္ေန႔ ညေန ၅ နာရီအခ်ိန္မွာ ေဒါက္တာ ခ်စ္ဝင္းကို သံအမတ္ တာဝန္လႊဲေပးလိုက္ၿပီ ျဖစ္ေၾကာင္း ျမန္မာ သံ႐ုံးရဲ႕ စာထဲမွာ ေဖၚျပထားပါတယ္။

ၿဗိတိန္ကေတာ့ သံအမတ္သစ္ကို လက္ခံ မခံ ဆုံးျဖတ္ရမွာ ျဖစ္ပါ တယ္။ ဧၿပီလ ၅ ရက္ေန႔တုန္း ကေတာ့ သံအမတ္ ဦးေက်ာ္စြာမင္းကေန ေနျပည္ေတာ္ ျမန္မာႏိုင္ငံျခားေရး ဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးထြဋ္ဆီ စာ တေစာင္ေပးပို႔ခဲ့ပါတယ္။

အဲဒီစာထဲမွာ သံမႉးႀကီး ခ်စ္ဝင္း ဟာ သူ(ဦးေက်ာ္စြာမင္း)နဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီထံကို မဟုတ္မမွန္ လုပ္ႀကံ သတင္းေတြ ေပးပို႔ေနေၾကာင္း၊ ဒီအတြက္ သံမႉးႀကီး ခ်စ္ဝင္းကို အေရးယူ ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း ဦးေက်ာ္စြာမင္းက ေရးသားထား ပါတယ္။

ဒါေပမယ့္လည္း အခုေတာ့ စစ္ေကာင္စီ ကေန ေဒါက္တာ ခ်စ္ဝင္းကို ဒီကေန႔ ညေနမွာ သံအမတ္အျဖစ္ ခန႔္အပ္လိုက္တာ ျဖစ္ပါတယ္။

ဦးေက်ာ္စြာမင္းဟာ CDM လုပ္ထားျခင္း မရွိတဲ့ အတြက္ စစ္ေကာင္စီကို ဆန႔္က်င္ၾကတဲ့ ျမန္မာအသိုင္းအဝိုင္း အေနနဲ႔ သူ႔အေပၚ ေထာက္ခံ ဝန္းရံ ေဆာင္႐ြက္ေပးမယ့္ အေနအထား ကလည္း သိပ္မရွိေၾကာင္း သိရပါတယ္။

ဒါေပမယ့္သူဟာ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ သမၼတ ဦးဝင္းျမင့္ တို႔ကို ျပန္လႊတ္ေပးဖို႔ စစ္ေကာင္စီကို မတ္လတုန္းက ေမတၱာရပ္ခံ ေၾကညာခ်က္ ထုတ္ျပန္ ခဲ့ဖူးပါတယ္။

crd

Unicode

လန်ဒန်မြို့ရှိ မြန်မာသံရုံးကို စစ်ကောင်စီ၏ အဖွဲ့ဝင်များက လန်ဒန်စံတော်ချိန် ညနေ၆ နာရီခန့်တွင် ဝင်ရောက် ထိန်းသိမ်းထားကြောင်း သိရသည်။

လန်ဒန်ရောက် မြန်မာတဦးက “သံအမတ် အပြင်သွားနေတုန်းမှာ စစ်သံရုံးကလူ တွေကတံခါးခေါက်တယ်။

အခုက အထဲကအခြေအနေကို မသိရသေးဘူး။ လန်ဒန်ရောက် မြန်မာတွေအကုန် ဒီမှာလာစုဖို့ အကြောင်းကြားထားပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် လန်ဒန်မြို့ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းဦးဆောင်ကာ လန်ဒန်ရောက် မြန်မာများနှင့် ပူးပေါင်း၍ သံရုံးအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေလျက်ရှိသည်။

ဖွင့်ပေးလိုက်တော့ သူတို့ဝင်ပြီး သူတို့ထိုင်မယ်ဆိုပြီး တံခါးကိုပိတ်ထားပါတယ်။

သံအမတ်ကြီး ဦးကျော်စွာမင်းကို မတ်လ ၉ ရက်နေ့က မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြန်ခေါ်ထားပြီ ဖြစ်ကြောင်း မြန်မာသံရုံးကနေ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မှာ စာတစောင်ပေးပို့ထားပါတယ်။

အဲဒီစာကို သံအမတ်သစ် ဒေါက်တာချစ်ဝင်းက လက်မှတ်ထိုး ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ဒေါက်တာ ချစ်ဝင်းကို သံအမတ် တာဝန်လွှဲပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာ သံရုံးရဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်ကတော့ သံအမတ်သစ်ကို လက်ခံ မခံ ဆုံးဖြတ်ရမှာ ဖြစ်ပါ တယ်။ ဧပြီလ ၅ ရက်နေ့တုန်း ကတော့ သံအမတ် ဦးကျော်စွာမင်းကနေ နေပြည်တော် မြန်မာနိုင်ငံခြားရေး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်ဆီ စာ တစောင်ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ သံမှူးကြီး ချစ်ဝင်း ဟာ သူ(ဦးကျော်စွာမင်း)နဲ့ ပတ်သက်ပြီး စစ်ကောင်စီထံကို မဟုတ်မမှန် လုပ်ကြံ သတင်းတွေ ပေးပို့နေကြောင်း၊ ဒီအတွက် သံမှူးကြီး ချစ်ဝင်းကို အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးကျော်စွာမင်းက ရေးသားထား ပါတယ်။

ဒါပေမယ့်လည်း အခုတော့ စစ်ကောင်စီ ကနေ ဒေါက်တာ ချစ်ဝင်းကို ဒီကနေ့ ညနေမှာ သံအမတ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဦးကျော်စွာမင်းဟာ CDM လုပ်ထားခြင်း မရှိတဲ့ အတွက် စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ မြန်မာအသိုင်းအဝိုင်း အနေနဲ့ သူ့အပေါ် ထောက်ခံ ဝန်းရံ ဆောင်ရွက်ပေးမယ့် အနေအထား ကလည်း သိပ်မရှိကြောင်း သိရပါတယ်။

ဒါပေမယ့်သူဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို မတ်လတုန်းက မေတ္တာရပ်ခံ ကြေညာချက် ထုတ်ပြန် ခဲ့ဖူးပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *