နောက်မျိုးဆက်တွေ တော်လှန်စရာမလိုအောင် အဆုံးသတ် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ မင်းမော်ကွန်း
Unicode
ကိုကျော် လို့ ချစ်စနိုးခေါ်တတ်ကြပြီး အခုချိန်ထိ နုပျိုနေဆဲဖြစ်တဲ့ မင်းသား မင်းမော်ကွန်း ကိုတော့ အားလုံးပဲ ချစ်ခင်ကြလိမ့်မယ် ထင်ပါတယ်နော်။ မြန်မာပြည်ရဲ့ထိပ်တန်းမင်သားတစ်လက်ဖြစ်တဲ့
မင်းသား မင်းမော်ကွန်း ဟာ အဆိုဘက်မှာလဲ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ နှလုံးလှလူမိုက် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ယနေ့အချိန်ထိ ရပ်တည်နေသူတစ်ဦးပါ။
မင်းမော်ကွန်း ဟာ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် အာဏာရှင်ကိုတွန်းလှန်ဖို့ ပြည်သူတွေနဲ့အတူ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာ သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီး
တော်လှန်ရေးအတွက် ထောက်ပို့တပ်သားအဖြစ် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်း ဟာ တစ်ချိန်က နာမည်ကြီးမင်းသားကြီးတစ်ဦးဖြစ်တဲ့ ဇင်ဝိုင်း ရဲ့ သားတော်စပ်သူလဲ ဖြစ်ပါတယ်။
ဖခင်ရဲ့အနုပညာအမွေကို ဆက်ခံထားတဲ့အပြင် ဖခင်ဖြစ်သူရဲ့အမှန်တရားကိုချစ်မြတ်နိုးပြီး အာဏာရှင်ကိုခေါင်းငုံ့မခံတတ်တဲ့ အမွေကိုပါဆက်ခံထားသူလဲ ဖြစ်ပါတယ်။ မင်းမော်ကွန်း ကတော့ ရှစ်လေးလုံးအရေးတော်ပုံ
နဲ့ပတ်သက်ပြီး ” ၈၈၈၈ မှာအဖေတော်လှန်ခဲ့သလို ၂၀၂၁ မှာကျွန်တော် တော်လှန်ရပြန်ပြီ ဒါပေမယ့်ကျွန်တော့်သားသမီးလက်ထက်ကျရင် ထပ်တော်လှန်စရာမလိုစေရဘူး အရေးတော်ပုံအောင်ကိုအောင်ရမည်” လို့ ရေးသားထားပါတယ်။
Zawgyi
Leave a Reply
Your email address will not be published.