ရှားပါးရောဂါကြောင့် တစ်နှစ်ကို ၃၆၅ရက်ရှိသော်လည်း ရက်ပေါင်း၃၀၀လောက်က အိပ်ပျော်နေခြင်းနဲ့ အချိန်ကုန်ခဲ့ရသော အမျိုးသားတစ်ဦး

အိန္ဒိယနိုင်ငံ Rajasthanရှိ Bahdwaအမည်ရှိသော ရွာငယ်လေးတွင် နေထိုင်သော အသက်၄၀အရွယ် အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် ရှားပါးသည့် အိပ်စက်ခြင်းရောဂါ ဝေဒနာကို ခံစားခဲ့ရကာ တစ်လကို ၂၅ရက်လောက်က အိပ်ရာထဲမှာ အိပ်ပျော်နေခဲ့သည်။

အမျိုးသားကြီးသည် ရပ်ကွက်ထဲ၌ မိသားစု စားဝတ်နေရေးအတွက် ကုန်စုံဆိုင်ငယ်လေးဖွင့်ရာတွင် တစ်လကို ၅ရက်လောက်သာ စျေးရောင်းခဲ့ရပြီး တစ်ခါတစ်လေ စျေးလာဝယ်သူအား ထိုင်စောင့်နေခြင်းဖြင့်လည်း အိပ်ပျော်သွားတတ်သည်။

အမျိုးသားကြီးသည် အိပ်ပျော်သွားသည့်အခါတွင်လည်း သူ့ဘာသာသူမနိုးနိုင်ပဲ မိသားစုမှအိပ်နေစဥ်ကို သူ့အားရေချိုးပေးရပြီး စားစရာများကျွေးခဲ့ကြရသည်။

အမျိုးသား တစ်ခါတစ်ခါ အိပ်ပျော်သွားတိုင်း မိသားစုမှ ရက်စွဲနှင့်တကွ မှတ်ထားရပြီး တစ်နှစ်အတွင်းကို ရက်ပေါင်း၃၀၀လောက်က အိပ်ပျော်နေခဲ့ပြီး ထိုရောဂါအတွက်လည်း ကုသရန်ဆေးဝါးမရှိတာကြောင့် ကိုယ်တိုင်အိပ်မပျော်သွားအောင် ကြိုးစားပြီးနေခဲ့သော်လည်း မရပဲ ခေါင်းကိုက်ခြင်းတွေကိုသာ ခံစားရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *