ဘူးတစ်လုံးဆောင် အရေးတော်ပုံမှာ ပြည်သူအားလုံး ပါဝင်ကြဖို့ တိုက်တွန်း လိုက်တဲ့ ဘုန်း ဆက် သွင်

Zawgyi

အၾကမ္းဖက္စစ္‌ေကာင္စီတပ္နဲ႔ ပတ္သက္ဆက္စပ္ေနတဲ့ ကုန္စည္နဲ႔ ဝန္ေဆာင္မႈအားလုံးကို လုံးဝ မဝယ္ယူဘူး၊ မသုံးစြဲဘူး။ ျပည္သူ႔ပိုက္ဆံ တစ္ျပားတစ္ခ်ပ္မွ် အၾကမ္းဖက္စစ္အုပ္စုဆီ မေရာက္ေစရဘူး။

အၾကမ္းဖက္စစ္ေကာင္စီရဲ႕ မတရားတဲ့ အမိန႔္အာဏာ၊ ၫြန္ၾကားခ်က္ မွန္သမွ်ကို မနာခံဘူး၊ မလိုက္နာဘူး။ ကြၽန္ေတာ္တို႔ ဧည့္စာရင္း လုံးဝ မတိုင္ဘူး။ အၾကမ္းဖက္ စစ္ေကာင္စီအေနနဲ႔ ကြၽန္ေတာ္တို႔လူထုကို လုံးဝအုပ္ခ်ဳပ္လို႔ မရေစရဘူး။

လူထုအေနနဲ႔ အၾကမ္းဖက္စစ္ေကာင္စီကို အစိုးရအျဖစ္ အသိအမွတ္ မျပဳဘူး၊ လက္မခံဘူး။ Civil Disobedience Movement (CDM) လို႔ေျပာရင္ အခ်ိဳ႕က ႏိုင္ငံဝန္ထမ္းေတြနဲ႔ပဲ သက္ဆိုင္တယ္လို႔ ထင္တတ္ၾကတယ္။

တကယ္ကေတာ့ အၾကမ္းဖက္ အဓမၼဝါဒီ စစ္အာဏာရွင္ရဲ႕ အမိန႔္၊ ၫြန္ၾကားခ်က္ေတြကို ဆန႔္က်င္ဖီဆန္တဲ့ လုပ္ရပ္၊ လႈပ္ရွားမႈတိုင္းဟာ CDM ပါပဲ။ ဒါ့ေၾကာင့္ CDM ဆိုတာ ျပည္သူလူထုအားလုံးနဲ႔ သက္ဆိုင္ပါတယ္။

ျမန္မာဆန္ဆန္ ေျပာရရင္ CDM ဆိုတာ ဘူးသပိတ္ပါပဲ။ အဂၤလိပ္ကိုလိုနီေခတ္ ၁၉၂၄ ခုႏွစ္ေနာက္ပိုင္းဆီမွာလည္း ကိုလိုနီအစိုးရကို အသိအမွတ္မျပဳ၊ အပတ္အသက္မျပဳဘူး၊ အခြန္မေဆာင္ဘူးဆိုတဲ့ အေထြေထြအာဏာဖီဆန္တဲ့ ဘူးအသင္းေတြဟာ ဦးခ်စ္လႈိင္ (လႈိင္ပုေက်ာ္) ဂ်ီစီဘီေအရဲ႕ ဦးေဆာင္မႈနဲ႔ ျမန္မာႏိုင္ငံမွာ ေပၚေပါက္ခဲ့တာ သမိုင္း မွတ္တမ္းရွိခဲ့ပါတယ္။

ဘူးတစ္လုံးေဆာင္ၿပီး ျပည္တင္းရင္ စစ္အာဏာရွင္ ခံႏိုင္႐ိုးလား။ ဘူးသပိတ္လႈပ္ရွားမႈ CivilDisobedienceMovement ေၾကာက္ေခတ္ကို_ေမွာက္ပစ္ၾက ကမာၻမေၾကဘူး မေလ်ာ့ဘူး ေသြးမေအးဘူး ေနာက္မဆုတ္ဘူး

တိုက္ပြဲရွိရင္_ေအာင္ပြဲရွိတယ္စ စ္အာဏာရွင္စနစ္_မုခ်က်ရႈံးရမည္

အေရးေတာ္ပုံ_ေအာင္ရမည္..” ဆိုၿပီး ဘုန္းဆက္သြင္က ေဝမွ်ေျပာျပထားတာပါ..။

Unicode

အကြမ်းဖက်စစ်‌ကောင်စီတပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုအားလုံးကို လုံးဝ မဝယ်ယူဘူး၊ မသုံးစွဲဘူး။ ပြည်သူ့ပိုက်ဆံ တစ်ပြားတစ်ချပ်မျှ အကြမ်းဖက်စစ်အုပ်စုဆီ မရောက်စေရဘူး။

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားတဲ့ အမိန့်အာဏာ၊ ညွန်ကြားချက် မှန်သမျှကို မနာခံဘူး၊ မလိုက်နာဘူး။ ကျွန်တော်တို့ ဧည့်စာရင်း လုံးဝ မတိုင်ဘူး။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ကျွန်တော်တို့လူထုကို လုံးဝအုပ်ချုပ်လို့ မရစေရဘူး။

လူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် မပြုဘူး၊ လက်မခံဘူး။ Civil Disobedience Movement (CDM) လို့ပြောရင် အချို့က နိုင်ငံဝန်ထမ်းတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်တတ်ကြတယ်။

တကယ်ကတော့ အကြမ်းဖက် အဓမ္မဝါဒီ စစ်အာဏာရှင်ရဲ့ အမိန့်၊ ညွန်ကြားချက်တွေကို ဆန့်ကျင်ဖီဆန်တဲ့ လုပ်ရပ်၊ လှုပ်ရှားမှုတိုင်းဟာ CDM ပါပဲ။ ဒါ့ကြောင့် CDM ဆိုတာ ပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်ပါတယ်။

မြန်မာဆန်ဆန် ပြောရရင် CDM ဆိုတာ ဘူးသပိတ်ပါပဲ။ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၂၄ ခုနှစ်နောက်ပိုင်းဆီမှာလည်း ကိုလိုနီအစိုးရကို အသိအမှတ်မပြု၊ အပတ်အသက်မပြုဘူး၊ အခွန်မဆောင်ဘူးဆိုတဲ့ အထွေထွေအာဏာဖီဆန်တဲ့ ဘူးအသင်းတွေဟာ ဦးချစ်လှိုင် (လှိုင်ပုကျော်) ဂျီစီဘီအေရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တာ သမိုင်း မှတ်တမ်းရှိခဲ့ပါတယ်။

ဘူးတစ်လုံးဆောင်ပြီး ပြည်တင်းရင် စစ်အာဏာရှင် ခံနိုင်ရိုးလား။ ဘူးသပိတ်လှုပ်ရှားမှု CivilDisobedienceMovement ကြောက်ခေတ်ကို_မှောက်ပစ်ကြ ကမ္ဘာမကြေဘူး မလျော့ဘူး သွေးမအေးဘူး နောက်မဆုတ်ဘူး

တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်စ စ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

အရေးတော်ပုံ_အောင်ရမည်..” ဆိုပြီး ဘုန်းဆက်သွင်က ဝေမျှပြောပြထားတာပါ..။

Leave a Reply

Your email address will not be published. Required fields are marked *