CNN သတင်းထောက် ရဲ့ နောက်ထပ် သတင်း တစ်ပုဒ်
Zawgyi
Unicode
မြန်မာနိုင်ငံကနေ စစ်အာဏာ သိမ်းတဲ့လုပ်ရပ်နဲ့ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှု့ရဲ့ မြေပြင်က ဖြစ်ရပ်မှန်တွေကို နေ့စဉ် ကမ္ဘာသိအောင် တင်ဆက်ပေးနေတဲ့ နောက်ဆက်တွဲ ရုပ်သံသတင်းပါ။
အခုတစ်ခေါက် တင်ပြတဲ့ရုပ်သံသတင်းရဲ့ အနှစ်ချုပ်ကတော့
အခုချိန် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဟာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် အဓိပ္ပါယ်ရှိရှိ ထိရောက်တဲ့ အရေးယူမှု မလုပ်ဆောင်နိုင်သေးကြောင်း
ဒီလို အရေးမယူနိုင်သေးသရွှေ့ မြန်မာပြည်သူတွေဟာ စ စ် တပ်ရဲ့ ဖြို ခွ င် းမှု့ကို အ သ က် သွေ းနဲ့ ရ င် းပြီး အံတုနေရဆဲဖြစ်ကြောင်း
သူမရောက်ရှိခဲ့တဲ့နေရာတိုင်းမှာ မြန်မာပြည်သူဟာ စ စ် အ ာ ဏ ာ သိမ်းတာကို လုံးဝဆန့်ကျင်တယ်ဆိုတာကို နှုတ်နဲ့ရော အမူအရာ (လက်သုံးချောင်းထောင်) နဲ့ပါ သူမကိုယ်တိုင် ကြားသိ မြင်တွေ့ခဲ့ရကြောင်း
သတင်းယူစဉ်ကာလတစ်လျောက်လုံးမှာ လုံခြုံရေးတွေ တ င်း ကြပ်စွာ သူမတို့အဖွဲ့ကို ကာရံနေသည့်တိုင် မြန်မာပြည်သူဟာ လ က် န က်ကိုင်တွေကို မကြောက်မရွံ့နဲ့ သူမထံမှာ သူတို့ရဲ့ ခံစားချက်၊
စစ်အာဏာရှင်ကို လုံးဝမလိုလားကြောင်းနဲ့ သူတို့တွေဟာ ဒီမိုကရေစီကိုသာ လိုလားကြောင်း ဗြောင်ကျကျ ကင်မရာရှေ့မှာ အင်္ဂလိပ်ဘာသာနဲ့ကို ရင်ဖွင့်နေကြောင်း
အချို့ မေးမြန်းသူတွေကို သူမကိုယ်တိုင်က သူတို့အတွက် အ န္တ ရ ာယ် အရမ်းကို များသည့်အတွက် မေးမြန်းသည်ကို ရပ်တန့်ပြီး ဘေးကင်းရာကို သွားခိုင်းရကြောင်း
အခုချိန်ထိ ဖြို ခွ င် း မှု့ ကြောင့် သေ ဆုံ း သူပေါင်း ၆၀၀ ကျော်နေသလို ဖမ်းဆီးခံရသူပေါင်း ၃၀၀၀ ကျော်ရှိနေကြောင်း
ကလေးသူငယ်များပါဝင်သလို အချို့သူတွေဟာလည်း ဆန္နပြသူတွေ မဟုတ်ကြောင်း
လ က် န က် ကို င် တပ် ဖွဲ့တွေရဲ့ အ င် အ ား သုံ း ဖြို ခွင် းသည်ကို စ စ် တ ပ် သတင်းအဖွဲ့နဲ့ မေးမြန်းသည့်အခါ ဖြစ်ရပ်မှန်ကို ဝန်ခံခြင်းမရှိကြောင်း
အချို့နေရာတွေမှာ စစ်တပ်ထောက်ခံသူ (လော်ဘီ) များနဲ့ တွေ့ဆုံမေးမြန်းတဲ့အခါမှာလည်း ဆန္ဒပြသူတွေဟာ အ ကြ မ် း ဖ က် တယ်လို့ မဟုတ်မမှန်ပြောဆိုနေတာတွေ ကြားခဲ့ရကြောင်း
ဒီလော်ဘီတွေက သူမက ဆန္ဒပြသူတွေ ခဲ လေ ာက် လေ းခွနဲ့ ပြန် ပ စ် တာ သည် စ စ်တပ်ဘက်က အ စ စ်နဲ့ ပစ်လို့ သေ တာ နဲ့ ယှဉ်ရင် ဘယ်ဟာက ဘယ်ပြီ းအ ကြမ် းဖက်တယ်လို့ ထင်ပါသလဲလို့ counter မေးခွန်းထုတ်တာကိုတော့ ဘယ်သူမှ ပြန်မဖြေနိုင်ကြောင်း
ဆန္ဒပြသူတွေ မီ း ရှို့ ဖျ က် ဆီး တယ်ဆိုပြီး မီး လော င်ခဲ့တဲ့ စက်ရုံနဲ့ ဆိုင်အချို့ကို ပြသခဲ့ရာမှာလည်း ဘယ်သူက ဘယ်လို ဖျ က် ဆီ းတယ်ဆိုတာ တိတိကျကျ မရှင်းပြနိုင်ကြောင်း
သူမ အနေနဲ့ တစ်ကမ္ဘာလုံးက နိုင်ငံခေါင်းဆောင်တွေကို မြန်မာအရေးအတွက် ထိထိရောက်ရောက် အဓိပ္ပါယ်ရှိစွာ အမြန်ဆုံး အရေးယူ တုန့်ပြန်ဖို့ တိုက်တွန်းထားပါတယ်။
ထပ်ဆင့် မျှဝေပေးကြပါ။ အရေးတော်ပုံ မုချအောင်ရမည်။
Leave a Reply
Your email address will not be published. Required fields are marked *