အင်တာနက်လိုင်းတွေ ပြတ်တောက်လို့ လိုင်းသုံး မရတဲ့ တစ်လအတွင်း ပြောင်းလဲသွားတဲ့ အရာတစ်ခု ကို ပြောပြ လာတဲ့ သား ငယ်

Zawgyi









Unicode

ပရိတ်သတ်ကြီးရေ…အဆိုတော်သားငယ်ဟာဆိုရင် Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ Winner ဆိုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အနုပညာဂီတလပ်ကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်နော်..။

အဆိုတော်သားငယ်ဟာဆိုရင် ထူးခြားတဲ့အသံပိုင်ရှင်တစ်ဦးဖြစ်တဲ့အပြင် ပြိုင်ပွဲဝင်နေတဲ့အချိန်မှာဆိုရင်လည်း ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

မမမိုးသီချင်းလေးတဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုသိမ်းပိုက်လိုက်တဲ့ သားငယ်ဟာဆိုရင်ဂီတလမ်းကြောင်းပေါ်မှာ ယနေ့ထိအောင်မြင်နေတာပဲဖြစ်ပါတယ်.။သားငယ်ဟာဆိုရင် ဝဝကစ်ကစ်လေးနဲ့ချစ်စရာကောင်းတဲ့ ဇနီးလေးကိုလည်းပိုင်ဆိုင်ထားပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ သားငယ်တို့ဇနီးမောင်နှံကိုကြည့်ပြီး ပရိတ်သတ်ကတွေကလည်း အားကျနေကြတာပဲဖြစ်ပါတယ်နော်။သားငယ်ကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်ကနေတစ်သားတည်းရပ်တည်တာပဲဖြဟ်ပါတယ်။

သားငယ်ဟာဆိုရင်အဲ့ဒီလို ဓမ္မဘက်ကရပ်တည်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတာပဲဖြစ်ပါတယ်နော်။အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သားငယ်ဟာ ပရိတ်သတ်တွေနဲ့ဆက်အသွယ်ပြတ်ခဲ့တဲ့အတွက်ကြောင့်

အားလုံးက သားငယ်ရဲ့ဘေးကင်းလုံခြုံရေးကိုစိတ်ပူနေကြတာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေစိတ်ပူနေကြတဲ့ သားငယ်ဟာဆိုရင် အင်တာနက်သုံးလို့မရတဲ့ တစ်လကျော်လောက်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့အခြေအနေတစ်ခုကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မနေ့ညက အခုလိုပဲပြောပြလာတာပဲဖြစ်ပါတယ်နော်.။

အဲ့ဒါကတော့” လိုင်းမသုံးရတဲ့တစ်လကျော် ကာလထဲ(၉) ပေါင်ကျသွားတာကလွဲရင်အကုန်အဆင်ပြေပါတယ်လေ အဟက် ” ဆိုပြီး ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိတ်သတ်ကိုပြောပြလာတာပဲဖြစ်ပါတယ်နော်။

အဲ့ဒီပို့စ်အောက်မှာလည်း ပရိတ်သတ်တွေကလည်း သားငယ်ရဲ့ (၉)ပေါင်ကျသွားခဲ့တဲ့နည်းလမ်းလေးကို သိချင်လို့မေးထားကြတာကိုလည်းတွေ့ရပါသေးတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။

Leave a Reply

Your email address will not be published. Required fields are marked *