သူ မသေခင်မှာ မြင်တွေ့ သွားချင်တဲ့ အိမ်မက် မြို့တော်လေးရဲ့ ပုံစံကို ပရိတ်သတ်တွေအား ပုံဖော်ပြလိုက်တဲ့ ဒါရိုက်တာ မောင် မျိုး မင်း (ရင်တွင်းဖြစ်)

Zawgyi

ပရိတ္သတ္ႀကီးေရ….႐ုပ္ရွင္နဲ႔ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြားကို ႐ိုက္ကူးပုံေဖာ္ၿပီး ပရိတ္သတ္ကိုရသမ်ိဳးစုံခံစားရေအာင္ ဖန္တီးႏိုင္စြမ္းရွိတဲ့ ဒါ႐ိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)ဟာဆိုရင္ အႏုပညာလမ္းေၾကာင္းေပၚမွာဆယ္စုႏွစ္ေက်ာ္တိုင္ ေအာင္ျမင္စြာနဲ႔ေလွ်ာက္လွမ္းလာခဲ့ၿပီး

ပရိတ္သတ္အားေပးမႈကိုအျပည့္အဝရရွိကပိုင္ဆိုင္ထားတဲ့သူတစ္ဦးပဲျဖစ္ပါတယ္ေနာ္..။ဦးမ်ိဳးမင္းက မ်ိဳးဆက္သစ္လူငယ္ေတြကိုလည္း သူတတ္သိသမွ်သ႐ုပ္ေဆာင္ပညာရပ္ေတြကို မခြၽင္းမခ်န္သင္ၾကာေပးေနသူလည္းျဖစ္ပါတယ္ပရိတ္သတ္ႀကီးေရ။

ဒါ့အျပင္ ဦးမ်ိဳးမင္းက ပရိတ္သတ္ေတြတစ္ခဲနက္ႀကိဳက္ႏွစ္သက္အားေပးခဲ့ရတဲ့ ႏွင္းဆီအၿငိမ့္ရဲ႕ပဲ့ကိုင္ရွင္တစ္ေယာက္ဆိုလညး္မမွားပါဘူးေနာ္။ဦးမ်ိဳးမင္းက လူအမ်ားနဲ႔လိုက္ေလ်ာညီေထြေနတတ္တဲ့အတြက္ အလုပ္လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ခ်စ္ခင္ေလးစားခ်င္းကို ခံခဲ့ရတဲ့သူတစ္ဦးပဲျဖစ္ပါတယ္။

အၿမဲတမ္းၿပဳံးၿပဳံး႐ႊင္႐ႊင္ေနတတ္တဲ့ ဦးမ်ိဳးက သူ႔ရဲ႕ႏွင္းဆီအဖြဲ႕သားေတြအေပၚမွာလည္း သားသမီးအရင္းသဖြယ္ဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနတာကိုလည္း ျမင္ေတြခဲ့ရပါေသးတယ္။

ဒါ့အျပင္ တစ္ေယာက္တစ္ေနရာစီေဝးကြာေနၾကတဲ့ ႏွင္းဆီအဖြဲ႕သားမ်ား ေဘးအႏၲရာယ္ကင္းရွင္းၿပီး မိသားစုေတြနဲ႔ အျမန္ဆုံးျပန္လည္ဆုံဆည္းၾကေစဖို႔အတြက္လည္း ဆုေတာင္းေမတၱာပို႔သေပးေနတာပဲ ျဖစ္ပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ဦးမ်ိဳးက ျပည္သူေတြနဲ႔တစ္သားတည္းရပ္တည္ေနတာပဲျဖစ္ပါတယ္ေနာ္ ။ဒီကေန႔မွာဆိုရင္လည္းဦးမ်ိဳးမင္းက”လူေတြအားလုံးရဲ႕ အနာဂါတ္အိပ္မက္ေတြဟာ ဖ်တ္ကနဲ မွိတ္ပစ္လိုက္သလို ႐ုတ္တရက္အေမွာင္က်သြားခဲ့တယ္။

လူငယ္ေတြအတြက္အခ်ိန္အမ်ားႀကီးရွိေသးတယ္ဆိုေပမယ့္ ျပန္လည္ေမြးျမဴရတဲ့စိတ္ခြန္အားေတြရယ္ ေပ်ာက္ဆုံးသြားတဲ့ ယုံၾကည္ခ်က္ေတြက ေ႐ႊဆိုင္မွာေပးလိုက္ရတဲ့ အေလ်ာ့တြက္ေတြလို ဘာမွျပန္မရဘူး။အခ်ိန္နည္းေနတဲ့ လူႀကီးေတြအတြက္ေတာ့လက္က်န္သက္တမ္းကေန ရက္ေပါင္း ခုႏွစ္ရာေက်ာ္ကိုႏႈတ္ေပးလိုက္ရၿပီ။

ေနာက္က်က်န္ခဲ့တဲ့စီးပြားေရး၊ပညာေရး၊က်န္းမာေရး၊လူမႈေရး၊နဲ႔ ကမာၻ႔အလယ္မွာနိမ့္က်ေနတဲ့ ဆင္းရဲႏြမ္းပါးမႈေတြကို က်ေနာ္တို႔ ႏွစ္ဆျပန္ႀကိဳးစားရမွာကိုသိရွိနားလည္ၾကပါတယ္ ရင္ဆိုင္ဖို႔လဲအသင့္ရွိပါတယ္။

ေနာင္မ်ိဳးဆက္ေတြ ေကာင္းစားေစခ်င္တာကိုး၊က်ေနာ္တို႔ေသဆုံးသြားတဲ့အခါ က်ေနာ္တို႔အကုန္ထားခဲ့ရမွာပါ က်ေနာ္တို႔မေသခင္မွာ………လူငယ္ေတြလိုခ်င္တဲ့ ဒီမိုကေရစီ၊တရားမွ်တမႈ၊လြတ္လပ္မႈ၊အႏိုင္က်င့္မႈေတြ ကင္းမဲ့တဲ့ေနရာေလာဘေဒါသနဲ႔မနာလိုျခင္းေတြကင္းတဲ့ေနရာ၊

လိမ္ညာလွည့္ဖ်ားျခင္းမရွိတဲ့ေနရာ၊ၿပဳံး႐ႊင္ေနတဲ့လူေတြရဲ႕မ်က္ႏွာနဲ႔ အၾကင္နာတရားေတြျပည့္ဝ သစၥာတရားေတြလႊမ္းမိုးတဲ့ ၿမိဳေတာ္ လူအခ်င္းခ်င္း ယုံၾကည္ရတဲ့ေနရာ ၊ယုံၾကည္ျခင္းၿမိဳ႕ေတာ္လို႔ ေခၚဆိုႏိုင္တဲ့ေန ရာကို ျမင္ရရင္ က်ေနာ္ေသေပ်ာ္ပါၿပီ။အဲဒါက်ေနာ္တိုအိပ္မက္ပါပဲ…။

က်ေနာ္ေျပာရဲတယ္ တစ္သက္လုံးမပြင့္ဖူးတဲ့ပန္းကေလးေတြေတာင္ အဲဒီေနရာမွာပြင့္ၾကလိမ့္မယ္” ဆိုၿပီး သူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားခဲ့တာပဲျဖစ္ပါတယ္ေနာ္…။ဖတ္ရႈေပးတဲ့ ပရိတ္သတ္တစ္ေယာက္ခ်င္းစီတိုင္းကိုအထူးပဲေက်းဇူးတင္ရွိပါတယ္။

Unicode

ပရိတ်သတ်ကြီးရေ….ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွားကို ရိုက်ကူးပုံဖော်ပြီး ပရိတ်သတ်ကိုရသမျိုးစုံခံစားရအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာဆယ်စုနှစ်ကျော်တိုင် အောင်မြင်စွာနဲ့လျှောက်လှမ်းလာခဲ့ပြီး

ပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိကပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်နော်..။ဦးမျိုးမင်းက မျိုးဆက်သစ်လူငယ်တွေကိုလည်း သူတတ်သိသမျှသရုပ်ဆောင်ပညာရပ်တွေကို မချွင်းမချန်သင်ကြာပေးနေသူလည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။

ဒါ့အပြင် ဦးမျိုးမင်းက ပရိတ်သတ်တွေတစ်ခဲနက်ကြိုက်နှစ်သက်အားပေးခဲ့ရတဲ့ နှင်းဆီအငြိမ့်ရဲ့ပဲ့ကိုင်ရှင်တစ်ယောက်ဆိုလညး်မမှားပါဘူးနော်။ဦးမျိုးမင်းက လူအများနဲ့လိုက်လျောညီထွေနေတတ်တဲ့အတွက် အလုပ်လုပ်ဖော်ကိုင်ဖက်တွေရဲ့ချစ်ခင်လေးစားချင်းကို ခံခဲ့ရတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ ဦးမျိုးက သူ့ရဲ့နှင်းဆီအဖွဲ့သားတွေအပေါ်မှာလည်း သားသမီးအရင်းသဖွယ်ဂရုစိုက်စောင့်ရှောက်ပေးနေတာကိုလည်း မြင်တွေခဲ့ရပါသေးတယ်။

ဒါ့အပြင် တစ်ယောက်တစ်နေရာစီဝေးကွာနေကြတဲ့ နှင်းဆီအဖွဲ့သားများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိသားစုတွေနဲ့ အမြန်ဆုံးပြန်လည်ဆုံဆည်းကြစေဖို့အတွက်လည်း ဆုတောင်းမေတ္တာပို့သပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဦးမျိုးက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်နော် ။ဒီကနေ့မှာဆိုရင်လည်းဦးမျိုးမင်းက”လူတွေအားလုံးရဲ့ အနာဂါတ်အိပ်မက်တွေဟာ ဖျတ်ကနဲ မှိတ်ပစ်လိုက်သလို ရုတ်တရက်အမှောင်ကျသွားခဲ့တယ်။

လူငယ်တွေအတွက်အချိန်အများကြီးရှိသေးတယ်ဆိုပေမယ့် ပြန်လည်မွေးမြူရတဲ့စိတ်ခွန်အားတွေရယ် ပျောက်ဆုံးသွားတဲ့ ယုံကြည်ချက်တွေက ရွှေဆိုင်မှာပေးလိုက်ရတဲ့ အလျော့တွက်တွေလို ဘာမှပြန်မရဘူး။အချိန်နည်းနေတဲ့ လူကြီးတွေအတွက်တော့လက်ကျန်သက်တမ်းကနေ ရက်ပေါင်း ခုနှစ်ရာကျော်ကိုနှုတ်ပေးလိုက်ရပြီ။

နောက်ကျကျန်ခဲ့တဲ့စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊နဲ့ ကမ္ဘာ့အလယ်မှာနိမ့်ကျနေတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ကျနော်တို့ နှစ်ဆပြန်ကြိုးစားရမှာကိုသိရှိနားလည်ကြပါတယ် ရင်ဆိုင်ဖို့လဲအသင့်ရှိပါတယ်။

နောင်မျိုးဆက်တွေ ကောင်းစားစေချင်တာကိုး၊ကျနော်တို့သေဆုံးသွားတဲ့အခါ ကျနော်တို့အကုန်ထားခဲ့ရမှာပါ ကျနော်တို့မသေခင်မှာ………လူငယ်တွေလိုချင်တဲ့ ဒီမိုကရေစီ၊တရားမျှတမှု၊လွတ်လပ်မှု၊အနိုင်ကျင့်မှုတွေ ကင်းမဲ့တဲ့နေရာလောဘဒေါသနဲ့မနာလိုခြင်းတွေကင်းတဲ့နေရာ၊

လိမ်ညာလှည့်ဖျားခြင်းမရှိတဲ့နေရာ၊ပြုံးရွှင်နေတဲ့လူတွေရဲ့မျက်နှာနဲ့ အကြင်နာတရားတွေပြည့်ဝ သစ္စာတရားတွေလွှမ်းမိုးတဲ့ မြိုတော် လူအချင်းချင်း ယုံကြည်ရတဲ့နေရာ ၊ယုံကြည်ခြင်းမြို့တော်လို့ ခေါ်ဆိုနိုင်တဲ့နေ ရာကို မြင်ရရင် ကျနော်သေပျော်ပါပြီ။အဲဒါကျနော်တိုအိပ်မက်ပါပဲ…။

ကျနော်ပြောရဲတယ် တစ်သက်လုံးမပွင့်ဖူးတဲ့ပန်းကလေးတွေတောင် အဲဒီနေရာမှာပွင့်ကြလိမ့်မယ်” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့တာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *