မုံရွာတွင် စကစကို ပါဆယ်ဗုံးဖြင့်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ဒါဏ်ရာရရှိခဲ့သော ကလေးငယ် အသက်‌ေ.သ.ဆုံးမှုမရှိ

Unicode

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် ပေါက်ကွဲမှုဖြစ်စဥ်တွင် ဗုံးစထိမှန်ခဲ့သည့်ကလေးငယ် အသက်သေဆုံးခြင်းမရှိကြောင်း ဒေသခံများနှင့်မြို့ပြ​​ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ၁၀ရက် ညနေပိုင်းက မုံရွာမြို့ တမာတန်းမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ဗုံးစထိမှန်ခဲ့သော ၁၂နှစ်အရွယ်ကလေးငယ်မှာ အသက်သေဆုံးမှုမရှိကြောင်း၊ ဆေးကုသမှုခံယူနေကြောင်း ဒေသခံများက ပြောသည်။

“ကလေးSaveဖြစ်သွားပါပြီ”ဟု Monywa The Boys အဖွဲ့ တာဝန်ရှိသူက ပြောသည်။ မုံရွာမြို့လယ် တမာတန်းမီးပွိုင့်တွင် ဇန်နဝါရီ ၁၀ရက်ည​နေက အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ပါဆယ်ဗုံး​ထောင်

တိုက်ခိုက်စဥ်ဗုံးထိမှန်စဥ် ထိခိုက်မိသွားသည့် ကလေးငယ်သေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့ပြပျောက်ကြားအဖွဲ့များက ယမန်​နေ့နံနက်(ဇန်နဝါရီ ၁၁) အထူးဝမ်းနည်းကြောင်းကြေညာပြီး တာဝန်ခံခဲ့သည်။

မိဘပြည်သူများအနေဖြင့် အလားတူ ထိခိုက်မှုမျိုးမဖြစ်စေရန် ကြေညာချက်များအပေါ် အလေးထားလိုက်နာစေလိုကြောင်း၊ မဟာမိတ်အဖွဲ့များသည် အလားတူ ဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရန် အထူးသတိကြီးစွာ

ရှောင်ရှားမည်ဖြစ်ပြီး မိဘပြည်သူများဘက်ကလည်း ကြေညာချက်များကို လိုက်နာဆောင်ရွက်ပေးရန် အနူးအညွတ်ပန်ကြားအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ​

လေးဦး​သေဆုံးပြီး ၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။

Zawgyi

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ေပၚ ေပါက္ကြဲမႈျဖစ္စဥ္တြင္ ဗုံးစထိမွန္ခဲ့သည့္ကေလးငယ္ အသက္ေသဆုံးျခင္းမရွိေၾကာင္း ေဒသခံမ်ားႏွင့္ၿမိဳ႕ျပ​​ေျပာက္က်ားအဖြဲ႕မွ တာဝန္ရွိသူအခ်ိဳ႕က ေျပာသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ၁၀ရက္ ညေနပိုင္းက မုံ႐ြာၿမိဳ႕ တမာတန္းမီးပြိဳင့္အနီး ေပါက္ကြဲမႈျဖစ္စဥ္တြင္ ဗုံးစထိမွန္ခဲ့ေသာ ၁၂ႏွစ္အ႐ြယ္ကေလးငယ္မွာ အသက္ေသဆုံးမႈမရွိေၾကာင္း၊ ေဆးကုသမႈခံယူေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“ကေလးSaveျဖစ္သြားပါၿပီ”ဟု Monywa The Boys အဖြဲ႕ တာဝန္ရွိသူက ေျပာသည္။ မုံ႐ြာၿမိဳ႕လယ္ တမာတန္းမီးပြိဳင့္တြင္ ဇန္နဝါရီ ၁၀ရက္ည​ေနက အၾကမ္းဖက္စစ္ေကာင္စီအဖြဲ႕ကို ပါဆယ္ဗုံး​ေထာင္

တိုက္ခိုက္စဥ္ဗုံးထိမွန္စဥ္ ထိခိုက္မိသြားသည့္ ကေလးငယ္ေသဆုံးသြားသည္ဟု သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕မ်ားက ယမန္​ေန႔နံနက္(ဇန္နဝါရီ ၁၁) အထူးဝမ္းနည္းေၾကာင္းေၾကညာၿပီး တာဝန္ခံခဲ့သည္။

မိဘျပည္သူမ်ားအေနျဖင့္ အလားတူ ထိခိုက္မႈမ်ိဳးမျဖစ္ေစရန္ ေၾကညာခ်က္မ်ားအေပၚ အေလးထားလိုက္နာေစလိုေၾကာင္း၊ မဟာမိတ္အဖြဲ႕မ်ားသည္ အလားတူ ျဖစ္ရပ္မ်ား ထပ္မံမေပၚေပါက္ေစရန္ အထူးသတိႀကီးစြာ

ေရွာင္ရွားမည္ျဖစ္ၿပီး မိဘျပည္သူမ်ားဘက္ကလည္း ေၾကညာခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ေပးရန္ အႏူးအၫြတ္ပန္ၾကားအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။ ထိုျဖစ္စဥ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ​

ေလးဦး​ေသဆုံးၿပီး ၊ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့ေၾကာင္း ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲမ်ားထုတ္ျပန္ထားသည္။ ျပည္သူမ်ားအ​ေနျဖင့္ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ​ေဝး​ေဝး​ေနၾကရန္ မဟာမိတ္အဖြဲ႕မ်ားက အသိေပးထားသည္။

Leave a Reply

Your email address will not be published. Required fields are marked *