သမီးငယ်လေးရဲ့ ပထမဆုံး မွေးနေ့မှာ မိသားစုနဲ့အတူ မရှိနိုင်လို့ ဝမ်းနည်းစွာ တောင်းပန်ရင်း အဝေးက ဆုတောင်း ပေးလိုက်တဲ့ Rဇာနည်

Zawgyi

ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္သလို ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာလည္း ျပည္သူေတြနဲ႔ အတူရပ္တည္ကာ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ပါဝင္ခဲ့သူကေတာ့ Rဇာနည္ပဲ ျဖစ္ပါတယ္..။

တတ္ႏိုင္သေလာက္ အေကာင္းဆုံးႀကိဳးစား ပါဝင္အားျဖည့္ခဲ့တာေတြေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရၿပီး လက္ရွိမွာေတာ့ လုံၿခဳံေရးအတြက္ ေရွာင္တိမ္းရင္း အေရးေတာ္ပုံအတြက္လည္း ႀကိဳးစားတိုက္ပြဲဝင္ေနတဲ့ Rဇာနည္ကေတာ့ မိသားစုနဲ႔ ရင္ေသြးေလးေတြကို သတိရလြမ္းေနတဲ့အေၾကာင္း ေျပာျပလာပါတယ္..။

ဒီကေန႔မွာ ပထမဆုံးတစ္ႏွစ္ျပည့္ ေမြးေန႔က်ေရာက္လာတဲ့ သမီးငယ္ မစ္မစ္ေလးရဲ႕ေမြးေန႔မွာ မိသားစုနဲ႔အတူ မရွိႏိုင္လို႔ ဝမ္းနည္းစိတ္မေကာင္းစြာ ေတာင္းပန္ရင္း သမီးေလးအတြက္ အေဝးကေန ဆုေတာင္းစကားေလးဆိုလိုက္တာ ျဖစ္ပါတယ္..။

အရမ္းခ်စ္ရတဲ့ သမီးေလး မစ္မစ္အတြက္ ေမြးေန႔ဆုေတာင္းေပးရင္း အရမ္းလည္း လြမ္းေနတဲ့အေၾကာင္းကိုလည္း Rဇာနည္က ေရးသားေျပာျပထားပါေသးတယ္..။

“Happy Birthday 🎊🎉🎂🎁🎈 သမီးငယ္

မစ္မစ္ေလး သမီးရဲ ပထမဆုံး တစ္ႏွစ္ျပည့္ေမြးေန႔မွာ ပါပါး သမီးနဲ႔အတူရွိမေနႏိုင္တာ sorry ပါေနာ္ ပါပါးသမီးေလးကိုအရမ္းလဲလြမ္းတယ္ အရမ္းလဲခ်စ္တယ္ေနာ္ သမီးေလး ေမဘုန္းဇာနည္ တစ္ႏွစ္ျပည့္မွ ႏွစ္ေပါင္းမ်ားစြာ မိသားစုနဲ႔ ေပ်ာ္႐ႊင္စြာျဖတ္သန္းႏိုင္ပါေစ

ကိုယ္က်န္းမာစိတ္ခ်မ္းသာ ၿပီး ဘာသာသာသနာအက်ိဳး လူသားအားလုံးအက်ိဳးကို ေကာင္းမြန္စြာ ထမ္းေဆာင္ႏိုင္ပါေစ လို႔ ပါပါးဆုေတာင္းေပးပါတယ္ l love you Baby ေလး ❤️🥰😘 မြခ်ိ..” ဆိုၿပီး ေမြးေန႔ဆုေတာင္းစကားေလး ဆိုထားတာပါ..။

သမီးငယ္ေလးရဲ႕ ပထမဆုံးတစ္ႏွစ္ျပည့္ ေမြးေန႔ေလးမွာ မိသားစုနဲ႔အတူ မရွိႏိုင္လို႔ စိတ္မေကာင္းျဖစ္ေနတဲ့ Rဇာနည္ကို ပရိသတ္ေတြက အားေပးစကားေျပာရင္း မစ္မစ္ေလးအတြက္လည္း ေမြးေန႔ဆုေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္..။

Crd Zarni Myonyunt’s Fb Acc

Unicode

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်..။

တတ်နိုင်သလောက် အကောင်းဆုံးကြိုးစား ပါဝင်အားဖြည့်ခဲ့တာတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပြီး လက်ရှိမှာတော့ လုံခြုံရေးအတွက် ရှောင်တိမ်းရင်း အရေးတော်ပုံအတွက်လည်း ကြိုးစားတိုက်ပွဲဝင်နေတဲ့ Rဇာနည်ကတော့ မိသားစုနဲ့ ရင်သွေးလေးတွေကို သတိရလွမ်းနေတဲ့အကြောင်း ပြောပြလာပါတယ်..။

ဒီကနေ့မှာ ပထမဆုံးတစ်နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ သမီးငယ် မစ်မစ်လေးရဲ့မွေးနေ့မှာ မိသားစုနဲ့အတူ မရှိနိုင်လို့ ဝမ်းနည်းစိတ်မကောင်းစွာ တောင်းပန်ရင်း သမီးလေးအတွက် အဝေးကနေ ဆုတောင်းစကားလေးဆိုလိုက်တာ ဖြစ်ပါတယ်..။

အရမ်းချစ်ရတဲ့ သမီးလေး မစ်မစ်အတွက် မွေးနေ့ဆုတောင်းပေးရင်း အရမ်းလည်း လွမ်းနေတဲ့အကြောင်းကိုလည်း Rဇာနည်က ရေးသားပြောပြထားပါသေးတယ်..။

“Happy Birthday 🎊🎉🎂🎁🎈 သမီးငယ်

မစ်မစ်လေး သမီးရဲ ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့မှာ ပါပါး သမီးနဲ့အတူရှိမနေနိုင်တာ sorry ပါနော် ပါပါးသမီးလေးကိုအရမ်းလဲလွမ်းတယ် အရမ်းလဲချစ်တယ်နော် သမီးလေး မေဘုန်းဇာနည် တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ

ကိုယ်ကျန်းမာစိတ်ချမ်းသာ ပြီး ဘာသာသာသနာအကျိုး လူသားအားလုံးအကျိုးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါစေ လို့ ပါပါးဆုတောင်းပေးပါတယ် l love you Baby လေး ❤️🥰😘 မွချိ..” ဆိုပြီး မွေးနေ့ဆုတောင်းစကားလေး ဆိုထားတာပါ..။

သမီးငယ်လေးရဲ့ ပထမဆုံးတစ်နှစ်ပြည့် မွေးနေ့လေးမှာ မိသားစုနဲ့အတူ မရှိနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ Rဇာနည်ကို ပရိသတ်တွေက အားပေးစကားပြောရင်း မစ်မစ်လေးအတွက်လည်း မွေးနေ့ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Crd Zarni Myonyunt’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *