ယမန်နေ့ညမှာပဲ ချစ်ရတဲ့ ကျေးဇူးရှင် ဖခင်ကြီး ဆုံးပါးသွားခဲ့တဲ့ အတွက် ၀မ်းနည်းပူဆွေး နေရတဲ့ နက္ခတ်

Zawgyi







Unicode

ပရိသတ်ကြီးရေ…….သရုပ်ဆောင် မင်းသားချောလေး နက္ခတ်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်…..။

သူဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး “ထာ၀ရမန္တလေး၊ အရိပ်၊ ကျွန်တော်အမုန်းဆုံး ကျွန်တော်” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုရရှိထားတာပဲဖြစ်ပါတယ်နော်။

နက္ခတ်ဟာ ‌ရိုးရိုးအေးအေးနေတတ်တဲ့သူလေးဖြစ်ပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ဆိုလည်းမမှားပါဘူး။ အခုလိုအောင်မြင်မှုတွေရရှိထားတဲ့ နက္ခတ်ဟာ မကြာသေးမီကတော့ သူ့ရဲ့ Facebookစာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေအတွက် ၀မ်းနည်းဖွယ်အကြောင်းအရာလေးကို မျှဝေလာခဲ့ပါတယ်။

နက္ခတ်ဟာ “🙏🏻🙏🏻🙏🏻 13.5 .2021. 11:39pm ကျနော်ချစ် ရ တဲ့ အ ဖေ ကျနော် တို့ ကို ထား သွားခဲ့ ပီ အဖေ့ရဲ့ ဆုံး မ စကား တွေ နဲ့ သား ဘ၀ ကို အ ကောင်းဆုံး နေထိုင် ပါ့ မယ်။ 🙏🏻🙏🏻🙏🏻🙏🏻…….” ဆိုပြီးရေးသားထားခဲ့တာပါ။

နက္ခတ်ရဲ့ ဖခင်ဆုံးပါးသွားခဲ့တဲ့အတွက်လည်း ပရိသတ်တွေများစွာ စိတ်မကောင်းဖြစ်ပြီး အားပေးစကားပြောနေကြတာလည်းတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source: Nat Khat’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *