Cover Song အမည်တပ်ပြီး ကိုယ်ကျိုးရှာ ပေါ်တင်စော်ကားနေတဲ့သူတွေကို ပြတ်သားစွာ ပြောလိုက်တဲ့ အဆိုတော် ဂျီလတ်

ချစ်စွာသော ပရိသတ်ကြီးရေ အဆိုတော် ဂျီလတ် ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းကောင်းတွေကို ဖန်တီးသီဆိုကာ သူ့ရဲ့ပရိသတ်တွေအတွက် အကောင်းဆုံးတွေသာ ပေးစွမ်းခဲ့သူ ဖြစ်ပါတယ် နော်။

ဂျီလတ်ဟာဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ နှစ်ကြာရှည်စွာ နေရာတစ်နေရာ ခိုင်မာစွာနဲ့ အောင်မြင်စွာ ရပ်တည်နေသော အဆိုတော် တစ်ယောက်ဖြစ် သော်လည်း အနုပညာကို ငွေရေးကြေးရေးအရ စီးပွားရေးဆန်စွာ မလုပ်သလို

လူကြိုက်များဖို့ထက် ရူးသွပ်မှုတစ်ခုထဲနဲ့ စိတ်ကြိုက် သီချင်းများကိုသာ သီဆိုချပြ လေ့ရှိသူပဲ ဖြစ်ပါတယ်။ ငွေကြေးနောက် မလိုက်ဘဲ အနုပညာအရသာ ဂီတကို စီးမျောဖန်တီးနေသော ဂျီလတ်ဟာဆိုရင် တော်ရုံတန်ရုံ ဝင်ပါပြောဆိုလေ့ မရှိဘဲ

အနေအထိုင် အေးဆေးတည်ငြိမ်သူတစ် ဉီးဖြစ် ပါတယ်။ ယခုအခါမှာတော့ အွန်လိုင်းပလက်ဖောင်းတွေ ပေါ်ကနေ နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းတွေကို ပြန်လည်သီဆိုသူ တချို့ရဲ့ ကိုယ်ကျိုးရှာ လုပ်ရပ်တွေဟာ တဖြည်းဖြည်းနဲ့ လွန်ကဲလာကာ

မတီးမမြည် မပြောမဖြစ်တော့ သောကြောင့် ယခုလိုပဲ ပွင့်ပွင့်လင်းလင်း ရှင်းလင်းစွာ ပြောကြား လာခဲ့တာပဲ ဖြစ်ပါ တယ်။ “ခဏ ခဏ ပြောရတာလည်း ပင်ပန်းလှပါတယ်။ သူများသီချင်းကို Cover ခေါင်းစဉ်အောက်က သီဆိုမှုကို ကျနော်တို့ အတိုင်းအတာ တခုထိ ခွင့်ပြုပါတယ်။

ဒါပေမယ့် အစအဆုံး ပြန်တီးပြန်ဆို Music Video ရိုက် Youtube တွေပေါ်တင်တဲ့ထိ မူရင်းဖန်တီးသူတွေဆီက ခွင့်ပြုချက် မယူတာတော့ ပုံမကျပန်းမကျတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီနေရာမှာ နားသိပ်မလည်တဲ့ သူတွေကို နည်းနည်း သဘောပေါက်အောင် ရှင်းပြ ချင်ပါတယ်။

Cover ခေါင်းစဉ်အောက်မှာ ဂစ်တာနဲ့ပဲ ဖြစ်ဖြစ် ကြိုက်ရာ Instrumentနဲ့ Social Media မှာLive တီးဆိုတာမျိုးကို ဘယ်သူ့ကိုမှ တားမြစ်တာမျိုး မရှိခဲ့ဖူးပါဘူး။ Coverကို Studio မှာ Player နဲ့ အကျအန အသံသွင်းတယ်။ ဒါရိုက်တာနဲ့ အကျအန Music Video ရိုက်ကြတယ်။

သေချာစဉ်းစားကြည့်ရင် အဆင့်တွေ အများကြီး ပါဝင်သလို ကုန်ကျစရိတ် တွေလည်း ပါပါတယ်။ Studioကြေး Playerကြေး ဒါရိုက်တာကြေး ကင်မရာမန်းခ ရိုက်ကူးရေးစရိတ် စသဖြင့် အများကြီးပေးရ ပေမယ့် မူရင်းဖန်တီးသူတွေကို တချက်လေး ခွင့်တောင်းဖို့ မအားမလပ် ကြတာတော့ အံ့သြစရာပါပဲ။

(ကိုယ်သိပ်ကြိုက်လို့ Cover ဆိုမယ့် သီချင်းရဲ့ မူရင်းဖန်တီးသူပေါ်မှာ အဲ့လောက်မှ Respect မရှိရင်လည်း ဆိုမနေပါနဲ့ လို့သာ အကြံပေးချင်ပါတယ်။) ဒီCover တပုဒ်အတွက် အားလုံးကိုအခကြေးငွေပေးပြီး ဖန်တီးပေမယ့် သီချင်းရဲ့မူရင်း တေးရေးဆရာက အနုပညာကြေးရဖို့ မပြောနဲ့

ခွင့်ပြုချက်တောင် လာမတောင်းတာတော့ နည်းနည်းများမနေဘူးလားဗျာ။ ဒါထက်ပိုဆိုးလာတဲ့ အဆင့်က Youtube ပေါ်ပါ တင်လာတာပါ။ ကျနော်တို့ မူရင်းသီဆိုသူတွေ အနုပညာလမ်းကြောင်းပေါ်က အနုပညာရှင်အားလုံးဟာ Youtube တွေ Digital Platform တွေမှာ တင်လို့ရသမျှ အခကြေးငွေကို

တေးရေး၊ အဆိုတော်၊ အတီးပညာရှင်၊ အသံဖမ်းstudio၊ ထုတ်လုပ်သူတွေက ဝေပုံကျ ခွဲဝေရပါတယ်။ Digital Platform တွေပေါ် မတင်ခင်မှာ ဒီဖန်တီး ထုတ်လုပ်သူအားလုံး တင်ဖို့သဘောတူကြောင်း လက်မှတ်ထိုးရပါတယ်။ ခု Cover များက Youtube တွေ Digital Platform တွေက ရသမျှ

မူရင်းတေးရေးဆရာ မူရင်းဖန်တီးသူတွေကို ဆက်သွယ်ပြီး ပေးတယ်ဆိုတာ တခါမှ မကြားဖူးပါ။ အဲ့တော့ ဒါဟာ ဘယ်လောက် မှားယွင်းနေတဲ့စနစ်လည်းဆိုတာ သိစေချင်ပါတယ်။ ကျနော်ဆို အစွန်းနှစ်ဖက် စီးရီးသွင်းတဲ့အချိန်မှာ အလုပ်၂ ခုလုပ်နေပါတယ်။

တလကို ဝင်ငွေ တသိန်းခွဲလောက်ရတဲ့ ထဲကမှ တလကို သီချင်း ၂ ပုဒ်လောက်ရအောင် အသံသွင်းကြတယ်။ ကျနော့် Band နဲ့ တေးရေးဆရာများကလည်း အင်မတန် နည်းတဲ့ ပမာဏနဲ့ ကူညီလုပ်ကိုင် ပေးကြပါတယ်။ အဲ့လိုဖြတ်သန်းပြီး ထွက်လာတဲ့ သီချင်းတွေဟာ

ခွေထွက်ပြီးတော့လည်း ခုလို အလုပ်ခံရမယ်ဆို အင်မတန် မတရားတဲ့အလုပ်ပါပဲ။ အချို့တေးရေးဆရာဆို ကွယ်လွန်သွားပေမယ့် သူဖန်တီးတဲ့ အသီးအပွင့်ကို ခုလိုပုံစံနဲ့ မခံစားလိုက်ပါဘူး။ ဒါပေမယ့် ဘယ်စံချိန်စံညွှန်းနဲ့ပဲ ကြည့်ကြည့် မူရင်းဖန်တီးသူဖက်မှာ Rights ဟာ အပြည့်အဝ ရှိပြီးသားပါ။

ကျနော်တို့ သီချင်းတွေဆို ရှေ့နေနဲ့ ကာကွယ် ထားပြီးသားပါ။ သတင်းစာမှာလည်း ရှေ့နေကအတိအလင်း ကြော်ငြာထည့်ပြီးသားပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော့်သီချင်းကိုတောင် ကျနော်တကိုယ်တည်းသဘောနဲ့ Youtubeတွေ Digital Platformတွေမှာ ရောင်းချခွင့် မရှိပါဘူး။

ဒီလိုပဲ တေးရေးဆရာတိုင်းမှာ သူ့သီချင်းကို ကာကွယ်ခွင့် ရှိပြီးသားပါ။ အားလုံးက နားလည်မှုနဲ့ ဘာမှမပြောသော်လည်း ခွင့်ပြုချက်မဲ့ ထင်သလို ပြုမူနေမှုကတော့ သတိပြုစရာပါ။ တချို့က ဒါတွေ နားမလည်ဘူးဆိုပေမယ့်ကိုယ် ခွင့်ပြုချက်မယူပဲ ပြုလိုက်မှုနောက်မှာ ငွေကြေးရရှိမှု တစုံတရာပါလာပြီ ဆိုရင်တော့

ဥပဒေကြောင်းပေါ် ရောက်လာတာပါပဲ။ (လက်လှမ်းမမှီလို့ မသိကြပေမယ့် နစ်နာကြေး/ လျော်ကြေး ပေးခဲ့ရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။) ဒီရရှိလာတဲ့ ဝင်ငွေဟာ မူရင်းဖန်တီးသူနဲ့ တိုက်ရိုက်သက်ဆိုင်ပြီးသူ ဘာမှ မသိရဘူး ဆိုရင်တော့ ဖြေရှင်းပေးရမယ့် ကိစ္စတွေ များလာပါပြီ

ဒါကို သတိပြုရမှာ ဖြစ်ပါတယ်။” ဆိုပြီး တချို့သော စည်းကျော်ဘောင်ကျော် ပြန်လည်သီဆိုသူတွေကို အဆိုတော်ဂျီလတ်က အထက်ပါ အတိုင်း ပြောကြား အသိပေးလာတာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။ ပရိသတ်ကြီးရေ ဂျီလတ် ပြောသလိုပဲ ပြန်လည်သီဆိုမယ့် သူတွေကလည်း

အခကြေးငွေ မပေးဘဲ VCD အပီအပြင်ရိုက်ကာ သုံးစွဲတဲ့အပြင် ယူကျူ့မှာပါ လုပ်စားကြတဲ့ အထိ လွန်ကျူးတာကတော့ မကောင်းလွန်း လှပါဘူးနော်။ ကိုယ်က အပျော်တမ်း သို့မဟုတ် နှစ်သက်လို့ ရိုးရိုးတန်း Coverဆိုလျှင်တော့လည်း မူရင်းတေးရေးဆရာ မူရင်းအဆိုတော်တွေက

အားလုံး နားလည်မှုရှိရှိနဲ့ လိုက်လျောကြပေမယ့်ပရိုကျကျ အသံတွေဖမ်း ရိုက်ကူးရေးတွေ လုပ် ဗီစီဒီသဘောမျိုးတွေ ထုတ်ပြီဆိုရင်တော့ အနုပညာခွင့်ပြုချက်နဲ့ တန်ရာတန်ကြေးတော့ အလေးထား ပေးသွားသင့်တယ်လို့ ယူဆမိပါတယ်။

ပရိသတ်ကြီးအနေနဲ့လည်း ယခုအကြောင်းအရာနဲ့ ပတ်သက်ပြီး အမြင်အတွေး အယူအဆလေးတွေ အပြုသဘောထားပြီး ဆွေးနွေး ပြောကြားပေးခဲ့ ကြပါအုံးနော်။

Leave a Reply

Your email address will not be published.