ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်အကြောင်း ရှင်းပြလိုက်တဲ့ စကစ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Unicode

နေပြည်တော်ကိုရောက်လာတဲ့ ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အကြောင်း ရှင်းပြခဲ့ပြီးနောက် အမှတ် တရ စုပေါင်း ဓာတ်ပုံရိုက်ကြကာ

စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။RCSS (SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ မေလ ၂၀ ရက်မနက်က တွေ့ဆုံခဲ့တာပါ။

ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ် တည် ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်တွေကိုရှင်းလင်းဆွေးနွေး ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ငြိမ်းချမ်းရေး ဆွေး နွေးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အချိန်ဇယား (Time Frame) ကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားမယ့် အခြေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ် သက်လို့ ဆွေးနွေးခဲ့ပြီး စစ်ခေါင်းဆောင်က အမှတ် တရလက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြတယ်လို့ဆိုပါတယ်။

RCSS (SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ အဖွဲ့ဟာ နေပြည်တော်မှာ စစ်ကောင်စီဖွဲ့ပေးထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြု လုပ်မယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး RCSS /SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက “နှစ်ဘက်လုံးအတူတူကတော့ နံပါတ် ၁ ကတော့ ငြိမ်းချမ်းရေးကိုမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ချင်တယ်ဆိုတဲ့ဟာကတော့ အတူ တူဖြစ်တာပေါ့ ၊ နံပါတ် ၂ ကျတော့ ယုံကြည်မှုတွေတည်ဆောက်ကြမယ်၊ ယုံကြည်မှုရလာတဲ့အခါကျမှဘဲ နိုင်ငံရေးကိစ္စတွေ ဆက်လက် ဆွေးနွေးကြမှာပေါ့နော်၊

တချို့ကတော့ ပြောမှာပေါ့ ငြိမ်းချမ်းရေးတည်ဆောက်တယ်၊ ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ ဟိုးအရင်ခေတ်ကတည်းက ခုထိပဲ ၊ အပြောပဲ ဆိုတာမျိုးပေါ့ ၊ ဒါပေမဲ့ အခုယုံကြည်မှုတည်ဆောက်တာမှာ အပြောနဲ့ဘဲမဟုတ်ဘူးပေါ့နော်၊ လက်တွေ့ကျကျ ဆောင်ရွက်ကြမယ်ဆိုတဲ့အမြင်တော့ နှစ်ဘက်လုံးမှာရှိပါတယ်”လို့ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့ဘက်က လိုက်လျောနိုင်သ လောက် အကောင်းဆုံးဆောင်ရွက်ပေးမယ်လို့ ယုံ ကြည်တယ်လို့လည်း RCSS ကပြောပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့ စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်န က်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားပြီး ၃ ရက်ခြား တစ်ဖွဲ့စီတွေ့ဆုံသွားဖို့ အစီအစဉ်ရှိနေတာပါ။

မေလ ၂၀ ရက်ကနော့ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပထမဆုံးအဖွဲ့အနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

Zawgyi

ေနျပည္ေတာ္ကိုေရာက္လာတဲ့ ရွမ္းျပည္ျပန္လည္ ထူ ေထာင္ေရးေကာင္စီ RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ကို အာဏာသိမ္းစစ္ေခါင္းေဆာင္က ဒီမိုကေရစီနဲ႔ ဖယ္ဒရယ္အေၾကာင္း ရွင္းျပခဲ့ၿပီးေနာက္ အမွတ္ တရ စုေပါင္း ဓာတ္ပုံ႐ိုက္ၾကကာ

စစ္ေကာင္စီလက္ေအာက္ခံအဖြဲ႕ေတြနဲ႔ ဆက္လက္ေဆြးေႏြးဖို႔ ရွိတယ္လို႔ စစ္ေကာင္စီျပန္ၾကားေရးက သတင္းထုတ္ပါတယ္။RCSS (SSA) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္နဲ႔အဖြဲ႕ကို အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္မွာ ေမလ ၂၀ ရက္မနက္က ေတြ႕ဆုံခဲ့တာပါ။

ဒီလိုေတြ႕ဆုံေဆြးေႏြးရာမွာ ပါတီစုံဒီမိုကေရစီစနစ္က်င့္သုံး ေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကို အေျခခံတဲ့ျပည္ေထာင္စုစနစ္ တည္ ေဆာက္ေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ပတ္သက္ေတြကိုရွင္းလင္းေဆြးေႏြး ေျပာၾကားခဲ့တယ္လို႔ဆိုပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ကလည္း ၿငိမ္းခ်မ္းေရး ေဆြး ေႏြးမႈလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရာ၌ အခ်ိန္ဇယား (Time Frame) ကို စနစ္တက် ေရးဆြဲေဆာင္႐ြက္သြားမယ့္ အေျခအေနနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ပတ္ သက္လို႔ ေဆြးေႏြးခဲ့ၿပီး စစ္ေခါင္းေဆာင္က အမွတ္ တရလက္ေဆာင္ပစၥည္းေတြ အျပန္အလွန္ေပးအပ္ခဲ့ၿပီး အမွတ္တရ စုေပါင္း ဓာတ္ပုံ႐ိုက္ၾကတယ္လို႔ဆိုပါတယ္။

RCSS (SSA) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္နဲ႔ အဖြဲ႕ဟာ ေနျပည္ေတာ္မွာ စစ္ေကာင္စီဖြဲ႕ေပးထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕၊ အမ်ိဳးသားစည္းလုံး ညီၫြတ္ ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္ မတီတို႔နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမ်ားကို ဆက္လက္ျပဳ လုပ္မယ္လို႔ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

ဒီေတြ႕ဆုံပြဲနဲ႔ပတ္သက္ၿပီး RCSS /SSA ေျပာခြင့္ရ ဒုဗိုလ္မႉးႀကီး အုမ္ေခးက “ႏွစ္ဘက္လုံးအတူတူကေတာ့ နံပါတ္ ၁ ကေတာ့ ၿငိမ္းခ်မ္းေရးကိုမျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္ခ်င္တယ္ဆိုတဲ့ဟာကေတာ့ အတူ တူျဖစ္တာေပါ့ ၊ နံပါတ္ ၂ က်ေတာ့ ယုံၾကည္မႈေတြတည္ေဆာက္ၾကမယ္၊ ယုံၾကည္မႈရလာတဲ့အခါက်မွဘဲ ႏိုင္ငံေရးကိစၥေတြ ဆက္လက္ ေဆြးေႏြးၾကမွာေပါ့ေနာ္၊

တခ်ိဳ႕ကေတာ့ ေျပာမွာေပါ့ ၿငိမ္းခ်မ္းေရးတည္ေဆာက္တယ္၊ ယုံၾကည္မႈ တည္ေဆာက္တယ္ဆိုတာ ဟိုးအရင္ေခတ္ကတည္းက ခုထိပဲ ၊ အေျပာပဲ ဆိုတာမ်ိဳးေပါ့ ၊ ဒါေပမဲ့ အခုယုံၾကည္မႈတည္ေဆာက္တာမွာ အေျပာနဲ႔ဘဲမဟုတ္ဘူးေပါ့ေနာ္၊ လက္ေတြ႕က်က် ေဆာင္႐ြက္ၾကမယ္ဆိုတဲ့အျမင္ေတာ့ ႏွစ္ဘက္လုံးမွာရွိပါတယ္”လို႔ေျပာပါတယ္။

ဒါ့အျပင္ တိုင္းရင္းသားေတြလိုလားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ကို တည္ေဆာက္ႏိုင္ဖို႔ ဗိုလ္ခ်ဳပ္ မႉးႀကီးမင္းေအာင္လႈိင္တို႔ဘက္က လိုက္ေလ်ာႏိုင္သ ေလာက္ အေကာင္းဆုံးေဆာင္႐ြက္ေပးမယ္လို႔ ယုံ ၾကည္တယ္လို႔လည္း RCSS ကေျပာပါတယ္။

စစ္ေခါင္းေဆာင္ဖိတ္ေခၚထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုတက္ေရာက္ဖို႔ စစ္တပ္နဲ႔တိုက္ပြဲေတြျဖစ္ပြားတာမရွိတဲ့ တိုင္းရင္းသား ေတာ္လွန္ေရးလက္န က္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕က စာရင္းေပးထားၿပီး ၃ ရက္ျခား တစ္ဖြဲ႕စီေတြ႕ဆုံသြားဖို႔ အစီအစဥ္ရွိေနတာပါ။

ေမလ ၂၀ ရက္ကေနာ့ RCSS/ SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ပထမဆုံးအဖြဲ႕အေနနဲ႔ အာဏာသိမ္း စစ္ေခါင္းေဆာင္နဲ႔ ေတြ႕ဆုံတာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.